Tuesday, 11 September 2018

နိုင်ငံရဲ့ ငြိမ်းချမ်းရန် လုပ်ဆောင်ရမယ့် အချက်များ


(ပထမပိုင်း) ကိုမဖတ်ရသေးသူများ ဖတ်ရှုရန် ......... ငြိမ်းချမ်းမှုကင်းပြီး ဆင်းရဲ ကျတ်တဲစွာ ရင်ဆိုင်နေသော နိုင်ငံများသည် အဘယ်ကြောင့် အေးချမ်းငြိမ်းချမ်းပြီး တို့တက် ချမ်းသာသော နိုင်ငံတစ်နိုင်အဖြစ် ရပ်တည်နိုင်ကြရန်အဘယ်ကြောင့် ခတ်ခဲနေကြပါသလဲ?
ဆိုတဲ့အထက်ပါမေးခွန်းကို ဖြေးဆိုပေးရပါလျှင်။ ။ ထိုသို့ဆင်းရဲ့ ကျတ်တဲစွာရင်ဆိုင်နေရသော နိုင်ငံတွေ ထဲတွင် နိုင်ငံသူ နိုင်ငံသား ဖြစ်ခွင့်ရရှိကြသော နိုင်ငံသူ နိုင်ငံသားများသည် လူမျိုးစု အမျိးမျိုးကွဲပြားနေကြခြင်းကြောင့် ထိုနိုင်ငံတို့တွင် မှီတင်းနေထိုင်ကြသော နိုင်ငံသူနိုင်ငံ သားတို့သည် စည်းလုံးညီညွတ်မှု မရှိကြခြင်းတို့ကြောင့်ဘဲလို့ ဆိုရမည်ဖြစ်သည် အဘယ်ကြောင့် ဤသို့ နိုင်ငံသူ နိုင်ငံသား အချင်ချင် မညီမညွတ်ဘဲ ငြိမ်းချမ်းခြင်း ကင်းမဲ့နေရတဲ့ အဓိကအကြောင့်အရင်မှာ ရှေ့ယခင် အဆက်ဆက်က နိုင်ငံတော်အာဏာကို ရရှိအုပ်ချုပ်မင်း လုပ်ခဲ့သော အာဏာရှင်များရဲ့ နိုင်ငံသူ နိုင်ငံသားတို့အပေါ် အုပ်ချုပ်ပုံ စနစ် လမ်းကြောင်းများလွဲမှားနေကြသော ကြောင့်ဘဲဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် နိုင်ငံအတွင်းထဲတွင် မှီတင်းနေထိုင်ကြသော နိုင်ငံသူ နိုင်ငံသားတို့သည် လူမျိုးစုအမျိုးမျိုး ကွဲပြားခြားနာ နေခြင်းကြောင့် နိုင်ငံသူ နိုင်ငံသားများသည် မညီမညွတ်ခြင်း ဖြစ်ရသည်ကို သတိမမူမိကြခြင်း ဘဲလို့ဆိုရမည်ဖြစ်သည်။
လူမျိုးစုအမြောက် အများမှီတင်းနေထိုင်ကြသော နိုင်ငံတစ်နိုင်ငံ အေးချမ်း ငြိမ်းချမ်းပြီးချမ်းသာတိုးတက်သော နိုင်ငံတစ်နိုင်ငံဖြစ်လာစေရန် ထိုနိုင်ငံကို အုပ်ချုပ်ကြသော နိုင်ငံခေါင်းဆောင်တို့ရဲ့ လုပ်ဆောင်ရမဲ့ အဓိကအကျဆုံး အချက်မှာ။ ။ နိုင်ငံတော်ကို အုပ်ချုပ်ခွင့် ရရှိထားသော မိမိတို့အုပ်ချုပ်သူ လူတန်းစားများအပါဝင် မိမိတို့ အုပ်ချုပ်ခွင့် ရရှိသော မိမိတို့ရဲ့ နိုင်ငံသူ နိုင်ငံသားအချင်ချင်များအပေါ် နိုင်ငံရဲ့ ကောင်းကျိုး ဆိုးများကို မိမိတို့ နိုင်ငံကိုအုပ်ချုပ်သူ ခေါင်းဆောင်များကိုယ်တိုင်အပါအဝင် မျှတစွာ မျှဝေခံစားပြီး မည်သည့် လူမျိုးစုကိုမှ မပို မလိုသော အကျိုး အပြစ်များကို တန်းတူရရှိအောင် ဆောင်ရွက်ကြပါမှ ထိုနိုင်ငံအတွင်းတွင် မှီတင်းနေထိုင်ကြသော နိုင်ငံသူ နိုင်သားများဖြစ်ကြသော လူမျိုးစု မျိုးနွယ်အချင်းချင်းတို့သည် မိမိတို့ကို အုပ်ချုပ်ကြသော နိုင်ငံခေါင်းဆောင်တို့ရဲ့ စီမံခန့်ခွဲခြင်း နှင့် အုပ်ချုပ်မှုအာဏာများကို လိုက်နာဆောင်ရွက်လာကြမည်ဖြစ်သည် ထိုသို့ နိုင်ငံသူနိုင်ငံသားအားလုံးတို့သည် မိမိတို့ရဲ့စီးမံခန့်ခွဲမှုများကို နာခံလာပါမှ နိုင်ငံကို အုပ်ချုပ်သူ လူတန်းစားများဖြစ်တဲ့ မိမိတို့က မိမိတို့အပါဝင် မိမိတို့ရဲ့ နိုင်ငံသူ နိုင်ငံသားများ မှီတင်းနေထိုင်ကြသော နိုင်ငံတော်ကြီးကို အေးချမ်း ငြိမ်းချမ်းပြီးသာယာဝဖြိုးသော နိုင်ငံတော်ကြီးဖြစ်လာအောင် လုပ်ဆောင်နိုင်မည်ဖြစ်သည် သို့သော် ထိုသို့အုပ်ချုပ်သော ပုံစံများသည် ထိုသို့မျှတမှန်ကန်သော အုပ်ချုပ်သူတို့ အုပ်ချုပ်စဉ် အချိန်ကာလအတောအတွင်းမှာတာ အဆင်ပြေနိုင်ပြီး ထိုအုပ်ချုပ်သူတို့သည် နိုင်ငံကို အုပ်ချုပ်ရမဲ့ အချိန် ကာလ သက်တမ်းကုန်လို့ မိမိတို့ပိုင်ဆိုင်ထားရသော အုပ်ချုပ်ရေး အာဏာကို နောက်ထပ် နိုင်ငံကို အုပ်ချုပ်ရမဲ့ အုပ်ချုပ်သူ အသစ်များထံသို့ လွှဲအပ်ပေးရမည်ဖြစ်သည် ထိုအုပ်ချုပ်သူအသစ်များအား ပေးအုပ်ချုပ်ရသော အချိန်သို့ ရောက်လို့ ထိုအုပ်ချုပ်သူအသစ်များက မိမိတို့ လွှဲယူအုပ်ချုပ်ရသော နိုင်ငံနှင့် နိုင်ငံသူ နိုင်ငံသားများကို တရားမျှတစွာမအုပ်ချုပ်ဘဲ မျက်နာလိုက် ဘက်လိုက်ပြီး မိမိတို့ရဲ့ကိုယ်ကျိုး စီးပွါးအတွတ်တာ တွတ်ပြီးအုပ်ချုပ်ကြပါက ထိုနိုင်ငံအတွင်းရှိ နိုင်ငံသူ နိုင်ငံသားတို့သည် လူမျိုး တစ်မျိုးနှင့် တစ်မျိုးသွေးကွဲပြီး မညီမညွတ်ဖြစ်ကြပြီး ထိုနိုင်ငံသည် အေးချမ်း ငြိမ်းချမ်းခြင်းများကင်းပြီး ဆင်းရဲနွမ်ပါးသော နိုင်ငံတစ်နိုင်ငံအဖြစ်သို့ ပြန်လည်၍ ရောက်ရှိလို့သွားမည်ဖြစ်သည်။ ထိုကြောင့် ကျွန်တော်က နိုင်ငံတစ်နိုင်ငံကို ဘယ်လို အုပ်ချုပ်သူတွေဘဲ အုပ်ချုပ် အုပ်ချုပ် နည်လမ်းမှန်သော လမ်းကြောင်းတို့ဖြင့် လမ်းကြောင်းကောင်း စနစ်ကောင်တို့ ချမှတ်ပြီး အုပ်ချုပ်ပါက ထိုနိုင်ငံသည် အစဉ်အမြဲ အေးချမ်းငြိမ်းချမ်းပြီး တိုးတက်ချမ်းသာနိုင်မည်ဖြစ်သည် ထိုကြောင့် ထိုနိုင်ငံအတွတ် နိုင်ငံကို အုပ်ချုပ်ပုံ အုပ်နည် လမ်းမှန်သော စနစ်ကောင်းကောင်းတစ်ခုကို ရှားဖွေဖော်ထုတ်ဖို့ လိုအပ်ပါသည်ကို တွတ်ဆ တွေးခေါ်သုံးသပ်မိသောကြောင့် ကျွန်တော်တွေးခေါ်သုံးသပ်ထားသော ကျွန်တော်ရဲ့ တွေးခေါ် သုံးသပ်ထားတာကတော့ နိုင်ငံတစ်နိုင်ငံ အစဉ်အမြဲတမ်း အေးချမ်းငြိမ်းချမ်းပြီး ကြွယ်ဝ ချမ်းသာဖို့အတွတ်ကတော့ ထိုနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသူ နိုင်ငံသားများကို အုပ်ချုပ် အုပ်ထိန်း နိုင်သော လမ်းကြောင်း စနစ်ဟာ မှန်ကန်ဖို့ဘဲလိုပါသည်။
ကျွန်တော်ရဲ့ နိုင်ငံတစ်နိုင်ငံကို မှန်ကန်တဲ့လမ်းကြောင်းပေါ် ရောက်အောင်လုပ်ဆောင်နိုင်တဲ့ နည်စနစ်ကတော့ အောက်ပါ ဥပမာ ကိုဆက်လက်ဖတ်းပေးပါအုံးလို့ ကိုယ့်ကိုကိုယ် ဘဝင်မြင့်ပြီး သည်စာပိုဒ်ကို ကြီးကြီးကျယ်ကျယ်လုပ်ပြီး ချရေးပြရမှ အားရချင်တဲ့ ဘာမဟုတ်တဲ့ကောင်း ကျွန်တော်က ကျွန်တော်ရဲ့ FB ဤစာမျက်နာကို ဖတ်းရှုနေကြသော အပေါင်းအသင်းများကို ဤစာပိုဒ်ကို ပြီးဆုံးတိုင်အောင် ဖတ်းရှုပေးပါလို့ ကျွန်တော်က မေတ္တာရပ်ခံလိုက်ပါတယ်။
ဥပမာ ။ ။ မြို့နယ်တစ်မြို့ရဲ့ ရေများစီးဆင်းဖို့ ရေမြောင်းများ ဖောက်လုပ်ရာမှာ ရေမြောင်းကို နည်လမ်းမကျ မမှန်ကန်သော နည်လမ်းတို့ဖြစ်ဖောက်လုပ်ထားပါက ထိုမြို့တွင်တည်ရှိနေကြသော လူနေအိမ်းများအပါအဝင် အခြားသော အဆောက်အအုံများပါမကျန် မိုးကြီးသော မိုးဥတုရောက်တိုင်း ဖောက်လုပ်ထားသော ရေမြောင်းများဟာ နည်လမ်းမမှန် နည်စနစ်မကျသောကြောင့် ရေကြီး ရေလျှံသည့် ဘေးအန္တရာယ်ကို အတိုင်းအတာ တစ်ခုထက်ပိုသော မိုးရွာတိုင်း ထိုမြို့သည် ရေကြီးခြင်း ဘေးအန္တရာယ်ကို ခံကြရမည်ဖြစ်သည် အဘယ်ကြောင့် ထိုမြို့သည် မိုးအလွန်းအကျွမ် ရွာတိုင်း ရေကြီးပြီး ရေဘေးအန္တရာယ်ကို ခံရကြရခြင်းမှာ ရေမြောင်းများကို ဖောက်လုပ်ထားစဉ်က ရေမြောင်းများကိုဖောက်လုပ်သော သူတို့သည် မိမိတို့ ရေမြောင်းဖောက်လုပ်ရမည့်မြို့သည် ပင်လယ်ရေမျက်နာပြင်အထက်အမြင့် ဘယ်လောက်ရှိသည် ကိုမထဲ့တွတ်ခြင်း ၊ မိမိတို့ဖောက်လုပ်သော ရေမြောင်းသည် ပင်လယ်ပြင်ထဲ့သို့ စီးဆင်းသွားရမဲ့လမ်းကြောင်းဟာ အခြားသောမြို့များသို့ ဖြတ်ကျော်သွားရမဲ့ မြို့များရဲ့ ပင်လယ်ရေပြင်အထက် အမြင့်ပေဘယ်လောက်ရှိသည်ကို မထဲ့တွတ်ခြင်း နှင့် ရေမြောင်းများစီးဝင်သွားရမဲ့ ချောင်း မြောင်းကြီးများ သိမ်ကော နေခြင်းတို့ ကြောင့်ဘဲဖြစ်သည် လို့ဆိုရမည်ဖြစ်သည် (၁)ထိုမြို့သည် ပင်လယ်ရေမျက်ပြင်အထက် အမြင့်ပေ ဘယ်လောက်ရှိသည်ကို မထဲ့တွတ်ခြင်းကြောင့် ထိုမြို့ရဲ့ ရေမြောင်းဖောက်လုပ်ရာတွင် ထိုရေမြောင်းကို ဖောက်လုပ်သူတို့သည် ရေမြောင်းဖြစ်ယုံလောက်သာလုပ်ဆောင်ထားသည့် အတွတ်ကြောင့် အကယ်၍ ထိုမြို့သည် ပင်လယ်ပြင်ရေမျက်ပြင်နှင့် အထက် ၆ ပေလောက်ဘဲရှိပါက မိုးရာသီ အချိန်အခါများမှာ ပင်လယ်ရေ မြင့်တက်သော ပင်လယ် ဒီရေအမြင့်ပေသည် ၆ ပေကျော်ပါက ထိုမြို့သည် ရေကြီး ရေလျှံသည့် ဒဏ်ကိုခံရမည်မှာ မလွဲပါ အဘယ်ကြောင့်ဆိုသော် ထိုမြိုးသည် ပင်လယ်ပြင်အထက် ၆ ပေဘဲမြင့်တဲ့အတွတ်ကြောင့် မိုးကြီးသောအခါများတွင် ပင်လယ်ရေပြင် ဒီရေဟာ ၆ ပေကျော်လောက် မြင့်တက်လာသည့်အတွတ် ပင်လယ်ရေပြင်ဟာလည် ထိုမြို့တည်ရှိသည့် မြေမြင်နှာပြင်ကိုကျော်ပြီး မြင်တက်လာမည့်အပြင် မိုးပေါ်က ရွာကျလာသော မိုးရေများသည်လည် စီးဆင်းစရာလမ်းမရှိ သောအခါ ထိုမြို့သည် ရေကြီး ရေလျှံခြင်းဒဏ်ကို ခံစားမည်ဖြစ်သည် ထိုကြောင့် ရေကြီး ရေလျှံခြင်းဆိုတဲ့ ရေဘေး အန္တရာယ် ဒဏ်များကိုမခံစားရအောင် လူနေအိမ် အဆောက်အအုံ မြို့ရွာများတည်ဆောက်မဲ့ နေရာဒေသသည် ပင်လယ်ရေမျက်နာပြင်အထက် အမြင့်ပေ အနည်းဆုံး ၁၀ ပေကျော်လောက် ရှိနိုင်တဲ့ မြေမျက်နှာပြင်များမှာမှ တည်ဆောက်သင့်သည်။ (၂) မိမိနေထိုင်သော မြို့ရဲ့ ရေမြောင်းသည် မြစ်ချောင်းကြီးများထဲသို့ ဓာတ်ရိုက် ဖောက်လုပ်၍ မရသော နေရာတွင်တည်ရှိနေပါက မိမိရဲ့မြို့မှ ရေများစီးဆင်းရန်ဖောက်လုပ်ထားသော ရေမြောင်းသည် အခြားသော မြို့ရွာများက ဖြတ်ဖောက်လုပ်ပြီးမှ ချောင်းကြီး မြစ်ကြီးထဲ(သို့)ပင်လယ်ထဲကို သွားရမည်ဆိုပါက ထိုရေမြောင်းအဖြတ်ခံရမည့် မြို့ရွာတို့ရဲ့ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေဘယ်လောက်ရှိတယ် ဆိုတာကိုလည် သိထားရမည်ဖြစ်သည် အဘယ်ကြောင့်ဆိုသော် မိမိရဲ့မြို့ရွာတည်ရှိနေသော နေရာဒေသသည် မိမိရဲ့မြို့ရွာမှ စီးဆင်းသွားရသည့် ရေမြောင်သည် အခြားသော မြို့ရွာများကို ဖြတ်သွားမှ ချောင်းကြီး မြစ်ကြီး (သို့) ပင်လယ်ထဲကိုရောက်နိုင်မည်ဖြစ်တဲ့အတွတ်ကြောင့် ရေမြောင်းဖြတ်သန်စီးဆင်းသွားရတဲ့ မြိုရွာများရဲ့ မြေမျက်နှာပြင်သည် မိမိနေထိုင်သော မြို့ရဲ့ မြေမျက်နှာပြင်ထက် ပို၍မြင့်နေပါက မိမိနေထိုင်သော မြို့ရွာမှဖောက်လုပ်ထားသော ရေမြောင်းသည် မိုးအလွန်းအကျွမ် ရွာသောအခါ မိုးရေများ များလာခြင်းကြောင့် ရေးမြောင်းအတိုင်း စီးဆင်းသွားရန် ရေဆိုသည်မှာ မြင့်ရာမှနိပ်ရာသို့ စီးဆင်းသော အရာဖြစ်သည့်အတွတ် မိမိနေထိုင်သော မြို့ရွာထက် ရေမြောင်းဖြတ်သွားရမဲ့ လမ်းကြောင်းရဲ့ မြို့ရွာတို့ရဲ့ မြေမျက်နှာပြင်တွေသည် ပိုမြင်နေ၍ မိုးရေများသည် ထိုမြို့ရွာကို ကျော်မဖြတ်နိုင်ဘဲ မိုးရေများသည် မိမိရဲ့မြို့ရွာမှာသာ ရေများမြင့်တက်လားပြီး မိမိရဲ့ မြို့ရွာသည် ရေကြီး ရေလျှံခြင်း ဆိုတဲ့ရေဘေး အန္တရာယ်ကို မိမိနေထိုင်သော မြို့ရွာသည် ခံစားရမည်ဖြစ်သည် ။ တစ်ကယ်လိုသာ မိမိရဲ့ မြို့ရွာမှ ဖောက်လုပ်ထားသော ရေမြောင်းဖြတ်သွားရမဲ့ မြို့ရွာများရဲ့ ပင်လယ်ပြင်အထက်အမြင့်ပေ ဘယ်လောက် ရှိသည်ကို တိတိကျကျ သိထားပါက မိမိရဲ့ မြို့ရွာက ဖောက်လုပ်ထားသော ရေမြောင်းသည် တခြားမြို့ရွာများကို ဖြတ်သွားသည့် နေရာများမှာ ရေမြောင်းရဲ့ အသိမ်အနက်ကို ဘယ်လောက်တူးထားပါက မိမိရဲ့ မြို့ရွာမှ ဖောင်လုပ်ထားသော ရေမြောင်းသည် မိုးရေကြီးခြင်းကြောင့် ရေများမမြင့်တက်လာအောင် ရေမြောင်းရဲ့အနက် ဘယ်လောက်တူးရမည့်ကို တွတ်ချက်ပြီး ရေမြောင်းကို တူးဖော်ဖောက်လုပ်ပါက မိမိရဲ့ မြို့ရွာသည် မိုးရေကြီးခြင်းဆိုတဲံ့ ရေဘေးအန္တရာယ်နဲ့ လွတ်နိုင်မည်ဖြစ်သည် ။ (၃)မိမိနေထိုင်သော မြို့ရွာ တည်ဆောက်ထားသော နေရာသည် ချောင်းကြီး မြောင်းကြီးများနှင့် နည်းကပ်နေပါက ထိုမြို့ရွာသည် ရေတိုက်စားခြင်းခံရပြီး ကမ်းဘာပြိုးတဲ့အထိ မိမိရဲ့ မြို့ရွာများပါ ရေဘေး အန္တရာယ်ကိုခံစားရပြီး မိမိရဲ့ မြို့ရွာပါ ပျက်စီးသွားနိုင်သည် ။ အဘယ်ကြောင့်ဆိုသော် မိမိရဲ့ မြို့ရွာနှင့် နည်းကပ်နေသော ချောင်းကြီး မြောင်းကြီးတို့သည် မိုးရေကြီးခြင်းကြောင့် ချောင်းဖျား မြောင်းဖျာတို့မှ မိုးရေတိုက်စားခြင်းတို့ကြောင့် မြေမုန့်များ သဲမုန့်များသည် မိုးရေများနဲ့ရောနှော်ပျော်ဝင်ပြီး ချောင်းကြီး မြောင်းတစ်လျှောက်လိုက်ပါမျှောလာပြီး ရေအစီးနှေးသော နေရာများတွင် အနယ်ထိုင်ကြသည် ထိုသို့ မြေမုန့် သဲမုန့်များ အနယ်ထိုင်လာတာများလာတော့ မိမိရဲ့ မြို့ရွာ နာဘေးက ချောင်းကြီး မြောင်းကြီးများသည် နှစ်ကာလတွေ ကြာလာတော့ ချောင်းဖျား မြောင်းဖျားများက မိုးရေများနဲ့အတူ လိုက်ပါ မျှောလာသော မြေမုန့်များသဲမုန့်များသည် တစ်ဖြေးဖြေးနှင့် များပြားမြင့်တက်လာပြီး ထိုချောင်းကြီး မြောင်းကြီးများသည် သိမ်ကေားလို့လာတော့သည် ထိုသို့ ထိုချောင်း မြောင်းများ သိမ်ကေားလာကြခြင်းတို့ ကြောင့် ထိုချောင်းကြီး မြောင်းကြီးနာဘေးတွင် တည်ထားကြသော မိမိတို့ရဲ့ မြို့ရွာများသည် မိုးရာသီ မိုးများသည့် ကာလသို့ရောက်တိုင်း ရေးကြီးခြင်း ဘေးအန္တရာယ်ကို ခံစားရခြင်းနှင့်အတူ ရေတိုက်စားခြင်း ကြောင့် မိမိတို့ရဲ့ မြို့ရွာသည် ကမ်းဘာတွေ ပြိုပျက်စီး မြို့ရွာများပါ ပျက်စီးရှုံးဆုံးနိုင်သည် အဘယ်ကြောင့်ဤသို့ ဖြစ်ပျက်ရခြင်းမှာ မိမိတို့ရဲ့ မြို့ရွာများရဲ့ နာဘေးရှိ သိမ်ကောနေသော ချောင်းကြီး မြောင်းကြီးများ ထဲသို့ မိုးအလွန်များအပြား ရွာကျလာသော မိုးရေများသည် ထိုသိမ်ကေားနေသော ချောင်း မြောင်းများအတိုင်း စီးဆင်းကျလာသည့်အခါ ချောင်းမြောင်းများသည် သိမ်ကေားနေသောကြောင့် ချောင်းဖျား မြောင်းဖျားတို့မှ အလွန်များပြားသော မိုးရေများသည် စီးဆင်းသွားရမဲ့ နေရာ အကျယ်အဝန်းအသိမ် အနက် အလုံအလောက်မရှိဘဲ သိမ်ကေားနေသော မိမိရဲ့ မြို့ရွာ နာဘေးက ချောင်းကြီး မြောင်းကြီးထဲသို့ စီးဆင်းကျလာသောအခါ မိုးရေများသည် ပိုဆန်မြင့်တက်လာပြီး ကမ်းဘာများကို တိုက်စားခြင်းတို့ကြောင့် ထိုချောင်းကြီး မြောင်းကြီးနာဘေးတွင်တည်ရှိနေသော မိမိတို့ရဲ့မြို့ရွာများသည် ကမ်းဘာများပြိုပျက်ခြင်း နှင့်အတူ မိုးရေကြီးခြင်းကြောင့် ရေကြီး ရေလျှံခြင်းဆိုတဲ့ ရေဘေး အန္တရာယ်ကိုပါ ခံစားကြရမည်ဖြစ်သည် ။ အကယ်၍ ထိုသိမ်ကေားနေသော ချောင်းမြောင်းများကို မိုးရာသီ မိုးများပြီး ရေကြီးသည့်အခါ ထိုမိုးကြီးခြင်းကြောင့် ချောင်းဖျား မြောင်းဖျားများမှ စီးဆင်းကျလာသော မိုးရေ ချောင်းရေများကို အလုံအလောက် စီးဆင်းသွားရမဲံ့ မိမိတို့ရဲ့ မြို့ရွာနာဘေးက ချောင်းကြီး မြောင်းကြီးတို့ကို ချောင်း မြောင်းတို့ရဲ့ အကျယ်အဝန်းနဲ့ အသိမ် အနက်ကို မိုးရာသီ ကာလတွင် မိုးကြီးခြင်းကြောင့် ချောင်းကြီး မြောင်းကြီးထဲသို့ စီးဆင်းသွားမဲ့ ရေများရဲ့ ပမာန အတိုင်းတာကို လုံလောက်အောင် လက်ခံစီးဆင်းသွားနိုင်အောင် ထိုသိမ်ကေားနေသော ချောင်းကြီး မြောင်းကြီးများကို သောင်တူးစက်များဖြင့် တူးဖော်ထားပါမှ ထိုချောင်းကြီး မြောင်းကြီးများရဲ့ နာဘေးတွင် တည်ရှိနေသော မိမိတို့ရဲ့မြို့ရွာများသည် ချောင်းရေတိုက်စားခြင်းကြောင့် ကမ်းဘာပြိုကျခြင်းနှင့် ရေကြီး ရေလျှံဖြစ်ခြင်း ဆိုတဲ့ ရေဘေး အန္တရာယ်များမှ မိမိတို့ရဲ့ မြို့ရွာသည် လွတ်ကင်းနိုင်မည်ဖြစ်သည်။
အထက်ပါ ကျွန်တော်ဖော်ပြပါ ရေကြီး ရေလျှံ ဖြစ်ရတဲ့ အကြောင်းအရင်းများရဲ့ ဥပမာအတိုင်း ငြိမ်းချမ်း အေးချမ်းမှု ကင်းပြီးဆင်းရဲကျတ်တဲနေတဲ့ နိုင်ငံတွေဟာ ဘာကြောင့် ငြိမ်းချမ်းမှုကင်းပြီး နိုင်ငံသူ နိုင်ငံသားအများစုဟာ ဆင်းရဲမွဲတေနေရတဲ့ အဓိကကျတဲ့ အချက် အလက်ကဘာလည်ဆိုတာကို ၎င်းနိုင်ငံကို ပိုင်ဆိုင်ထားခွင့်ရှိကြသော နိုင်ငံတော် အာဏာကို ပိုင်ဆိုင်ထားကြသော ထိုနိုင်ငံရဲ့ ခေါင်းဆောင်များပါ မက ထိုနိုင်ငံရဲ့ နိုင်ငံသူ နိုင်ငံသားများအဖြစ် သပ်မှတ်ခံရသော နိုင်ငံသူ နိုင်ငံသား အားလုံးပါမကျန် သိထားကြဖို့လိုပါသည်။ နိုင်ငံတစ်နိုင်ငံရဲ့ ငြိမ်းချမ်း အေးချမ်းမှု ကင်းပြီးဆင်းရဲကျတ်တဲနေတဲ့ နိုင်ငံတွေဟာ ဘာကြောင့် ငြိမ်းချမ်းမှုကင်းပြီး နိုင်ငံသူ နိုင်ငံသားအများစုဟာ ဆင်းရဲမွဲတေနေရတဲ့ အဓိကကျတဲ့ အချက် အလက်ကတော့ အထက်ပါ ကျွန်တော်ဖော်ပြ ရေးသာထားသော ရေကြီး ရေလျှံဖြစ်ပြီး ရေဘေး အန္တရာယ်ကို ကာကွယ်နိုင်ရန် သိထားရမည့် အဓိကကျသော အချက် အလက်ဟာ မိမိတို့မှီတင်းနေထိုင်သော မြို့ရွာများရဲ့တည်နေရာသည် ပင်လယ်ရေပြင် အမြင့်ပေဘယ်လောက်ရှိသည် ဆိုတာကို အဓိကအဖြင့်သိထားကြရမဲ့ ပမာအတိုင်း နိုင်ငံတစ်နိုင်ငံ ဆင်းရဲမွဲတေခြင်းများကင်းပြီး ငြိမ်းချမ်းအေးချမ်း ကြွယ်ဝချမ်းသာသော နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်အောင် ၎င်းနိုင်ငံကို ပိုင်ဆိုင်ထားခွင့်ရှိကြသော နိုင်ငံတော် အာဏာကို ပိုင်ဆိုင်ထားကြသော ထိုနိုင်ငံရဲ့ ခေါင်းဆောင်များပါ မက ထိုနိုင်ငံရဲ့ နိုင်ငံသူ နိုင်ငံသားများအဖြစ် သပ်မှတ်ခံရသော နိုင်ငံသူ နိုင်ငံသား အားလုံးက အဓိကအဖြစ် သိရှိထားရမှာက မိမိတို့အားလုံးရဲ့ နိုင်ငံသည် ငြိမ်းချမ်း အေးချမ်းမှုမျာကင်းပြီး ဆင်းရဲ မွဲတေနေရခြင်းရဲ့ အဓိကအကြောင့်အရင်းကဘာလဲဆိုတဲ့ အကြောင်းအရင်းကို သိထားကြရမည်ဖြစ်သည်။ ထိုသို့သိရှိထားပါမှ နိုင်ငံရဲ့အာဏာကို ရရှိပိုင်ဆိုင်ထားရသော မိမိတို့အစိုးရသည် ဘာရောဂါကြောင့် ဒီလူနာ မကျန် မမာ ဖြစ်ရသလဲ ဆိုတာကို အတိအကျသိမှဘဲ ထိုလူနာကို ကုသသော ဆေးဆရာသည် အဲ့ဒီလူနာဖြစ်နေတဲ့ ရောဂါကို ပျောက်ကင်းအောင် ကုသပေးနိုင်တဲ့ ဆေနဲ့ လူနာကို ကုသပေးပါမှ ထိုလူနာသည် ရောဂါနဲ့ ဆေးနှင့် ကိုက်ညီပြီး ဆေးဆရာသည် ထိုလူနာရဲ့ရောဂါကို ပျောက်ကင်းအောင် ကုသပေးနိုင်မည်ဖြစ်သည် ထိုပုံထိုနည်အတိုင်း ပင် နိုင်ငံကို အုပ်ချုပ်မင်းလုပ်သော အာဏာရှိသူ အစိုးရများကလည် ထိုအချက်ကို သတိပြု သတိထားမိကြဖို့လိုအပ်ပါသည်။ ငြိမ်းချမ်းမှုကင်းပြီး ဆင်းရဲ ကျတ်တဲစွာ ရင်ဆိုင်နေသော နိုင်ငံများသည် အဘယ်ကြောင့် အေးချမ်းငြိမ်းချမ်းပြီး တို့တက် ချမ်းသာသော နိုင်ငံတစ်နိုင်အဖြစ် ရပ်တည်နိုင်ကြရန်အဘယ်ကြောင့် ခတ်ခဲနေရလည်ဆိုတော့ ကျွန်တော်ရဲ့ သုံးသပ်ချက်အရကတော့ ထိုနိုင်ငံအတွင်း လူမျိုးစု အမျိုးပေါင်များစွာကွဲပြားခြားနာနေသော လူမျိုးစုအားလုံးကို လူမျိုးတစ်မျိုးထဲဖြစ်အောင် လုပ်ရမဲ့အချက်ဟာ ထိုနိုင်ငံကို ငြိမ်းချမ်းအေးချမ်းပြီး တိုးတက်ချမ်းသာသော နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေရန် အဓိကကျသော သော့ချက်ဘဲဖြစ်သည်။ လူမျိုးစု လူမျိုတွေ ကွဲပြားနေတာကို လူတစ်မျိုးထဲ ဖြစ်အောင်လုပ်ဆောင်ရန် သိပ်တော့ လွတ်တဲ့ ကိစ္စတော့ မဟုတ်ပါ ဒါပေမဲ့ နိုင်ငံရဲ့ အုပ်ချုပ်ရေး နည်စနစ်ဖြစ်တဲ့ ထိုနိုင်ငံရဲ့ အခြေခံ ဥပဒေကို နည်လမ်း နည်စနစ်များကို ပြန်ပြင်ဆွဲလိုက်တာနှင့် ထိုနိုင်ငံတွင် မှီတင်နေထိုင်ကြသော လူမျိုးစု အမျိုးမျိုး ကွဲပြားခြားနာနေကြရာမှ တဖြေးဖြေးနှင့် လူမျိုးတစ်မျိုးထဲရှိသော နိုင်ငံတစ်နိုင်ငံအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။ ကျွန်တော်ရဲ့ အထက်ပါ ရေမြောင်များ ဖောက်လုပ်ထားတာ နည်စနစ်မကျခြင်းကြောင့် ထိုမြို့ရွာများသည် ရေးကြီး ရေလျှံကြရသော ရေဘေးအန္တရာယ်ကို ခံကြရတဲ့ ဥပမာ အတိုင်းလိုပါဘဲ ထိုရေမြောင်းများကို ဖောက်လုပ်ရာမှာ ထိုမြို့ရွာများ ရေကြီး ရေလျှံဖြစ်ပြီး ရေဘေး အန္တရာယ်များမကျရောက်အောင် နည်စနစ်ကျပြီး မှန်ကန်သော ရေမြောင်းကို ဖောက်လုပ်ပါမှ ထိုမြို့ရွာတို့သည် ရေကြီး ရေလျှံခြင်းဆိုတဲ့ ရေဘေးအန္တရာယ်များမှ လွတ်ကင်းနိုင်မည် ဖြစ်သလိုပါဘဲ နိုင်ငံတစ်နိုင်ငံရဲ့ ငြိမ်းချမ်းပြီး ချမ်းသာကြွယ်ဝသော နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေရန် ထိုနိုင်ငံကို အုပ်ထိန်း အုပ်ချုပ်ပုံ အုပ်ချုပ်နည် လမ်းညွှတ်ဖြစ်တဲ့ ထိုနိုင်ငံရဲ့ အခြေခံကျသော ဥပဒေများ အပေါ်မှာ မူတည်နေသည် ဖြစ်တဲ့အတွတ် ထိုနိုင်ငံရဲ့ အခြေခံ ဥပဒေကို စနစ်တကျနှင့် နည်လမ်းမှန်စွာ ဆွဲထားပါက နည်စနစ်မှန်စွာ ဖောက်လုပ်ထားသော ရေမြောင်းထဲရှိ စီးဆင်းနေကြသော ရေများသည် ငြိမ်နေခြင်း လျှံနေခြင်းမရှိဘဲ ချောင်းကြီး မြောင်းကြီး(သို့)မြစ်ထဲ ပင်လယ်ထဲသို့ ချောမောစွာ စီးဆင်းသွားမည်ဖြစ်သလိုပါဘဲ နိုင်ငံ တစ်နိုင်ငံရဲ့ အုပ်ချုပ်ပုံ အုပ်ချုပ်နည် လမ်းညွှတ်ဖြစ်တဲ့ အခြေခံကျသော ဥပဒေကို နည်လမ်းမှန်စွာ စနစ်တကျ ရေဆွဲထားပါက ထိုနိုင်ငံသူ နိုင်ငံသားများ အလိုရှိနေကြသော ၎င်းတို့ရဲ့ နိုင်ငံကို အေးချမ်း ငြိမ်းချမ်းပြီး ချမ်းသားတိုးတက်သော နိုင်ငံတစ်နိုင်ငံဖြစ်လာမည်ဆိုတာ မြေကြီးကို လက်နှင့်ပုတ်ရင် မလွဲသလိုပါဘဘဲ ထိုနိုင်ငံသူ နိုင်ငံသားတို့ရဲ့ နိုင်ငံသည် အေးချမ်း ငြိမ်းချမ်းပြီး ချမ်းသာတိုးတက်သော နိုင်ငံ တစ်နိုင်ငံဖြစ်လာမယ်ဆိုတာသေချားပါသည်။ သို့သော နိုင်ငံ တစ်နိုင်ငံရဲ့ အုပ်ချုပ်ပုံ အုပ်ချုပ်နည် လမ်းညွှတ်ဖြစ်တဲ့ အခြေခံကျသော ဥပဒေကို နည်လမ်းမှန်စွာ စနစ်တကျ ရေဆွဲတတ်ဖို့ကို အနာသိမှ ဆေးထိမည်ဆိုတဲ့ စာဆိုအတိုင်း ဘာအနာဖြစ်နေလည် ဆိုတာကို အတိအကျသိဖို့တော့လိုအပ်ပါတယ် အဲ့ဒီလိုပါဘဲ ရောဂါအနာ စွဲကပ်နေတဲ့ ထိုနိုင်ငံမှာ ဘာအနာဖြစ်နေလည်ဆိုတာကို ထိုနိုင်ငံကို အုပ်ချုပ်ခွင့်ရရှိကြသော အစိုးရများက သိရှိအောင်ဖော်ထုတ်ပြီး ဘာရောဂါ အနာဖြစ်နေလည် ဆိုတာကို သိရှိပြီးမှ ထိုနိုင်ငံရဲ့ ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်မည်ဖြစ်သည် ထိုကြောင့် ကျွန်တော်က ငြိမ်းချမ်းမှုကင်း ပြီးဆင်းရဲ မွဲတေ နေကြသော နိုင်ငံများကို လေ့လာသုံးသပ်ကြည့်လိုက်သောအခါ ဘာတွေကိုတွေရသလဲဆိုတော့ ထိုဆင်းရဲမွဲတေနေသော နိုင်ငံသူ နိုင်ငံသားတို့သည် ညီညွှ့တ်မှုမရှိကြခြင်းတို့ကြောင့်ဘဲလို့ လေ့လာတွေ့ရှိရပါတယ် အဲ့ဒီလိုဘာလို့ မညီညွှတ်ရသလဲ ဆိုတာကို ဆက်ပြီးသုံးသပ်ရရင်တော့ ထိုနိုင်ငံအတွင်းတွင် မှီတင်းနေထိုင်ကြသော နိုင်ငံသူ နိုင်ငံသားများအဖြစ့် ဖြစ်ခွင့်ရကြသော ထိုနိုင်ငံသူ နိုင်ငံသားတို့သည် လူမျိုးစု မျိုးနွယ်များ မျိုးမျိုး ကွဲပြားခြားနာနေကြခြင်းတို့ ကြောင့်ဘဲလို့တွေ့ရှိရသည် ထိုသို့ ထိုနိုင်ငံသည် လူမျိုးစု မျိုးနွယ်များ မျိုးမျိုး ကွဲပြားခြားနာနေကြခြင်း ကြောင့် လူမျိုးစု တစ်မျိုးနှင့် တစ်မျိုးက လူဆိုတဲ့ သတ္တာဝါတွေဟာ ကမ္ဘာလောကအတွင်းတွင် ရှိကြကုန်သော အခြားသော သတ္တာဝါများထက်စာရင် ငါဆိုတဲ့ အတ္တပိုကြီးကြသည် ဖြစ်တဲ့ အတွတ်ကြောင့် သူကလည် သူ့အမျိုးမှ သူအမျိုး ဟိုကလည် သူ့အမျိုးမှ သူအမျိုး ဆိုပြီး တစ်နိုင်ငံထဲ အတူနေတဲ့ နိုင်ငံသူနိုင်ငံသား အချင်းချင်း မင်းကဘာလဲ ငါကဘာကောင်ဆိုပြီး ရန်ဖြစ်နေကြမည် ဆိုတာ တွေးခေါ်တတ်သူတိုင်းက တွေးခေါ်မိကြပါမှာ ထိုကြောင့် ထိုနိုင်ငံထဲတွင်နေထိုင်ကြသော နိုင်ငံသူ နိုင်ငံသားတို့သည် အချင်းချင်း မညီညွှတ်ကြခြင်းဖြစ်သည် ထိုသို့ နိုင်ငံသူ နိုင်ငံသားအချင်းချင်း မညီညွှတ်ကြခြင်းက ထိုနိုင်ငံရဲ့ အေးချမ်း ငြိမ်းချမ်းပြီး ချမ်းသားတိုးတက်သော နိုင်ငံတစ်နိုင်ငံအဖြစ့်သို့ မရရှိအောင်ဟန့်တာထားသော အဟန့်တစ်ခုဘဲလို့ ဆိုရမယ်ဖြစ်သည် ထိုကြောင့် ထိုနိုင်ငံကို အုပ်ချုပ် အစိုးရ ရသော အုပ်ချုပ်သူများသည် မိမိတို့ အုပ်ချုပ် မစိုးရ ရသော မိမိတို့ရဲ့နိုင်ငံကို အေးချမ်း ငြိမ်းချမ်းပြီး ကြွယ်ဝချမ်းသာသောနိုင်ငံအဖြစ် ကမ္ဘာလောက နိုင်ငံများအလယ်မှာ မိမိတို့ရဲ့ နိုင်ငံကို ပေးဖြစ်ချင်တယ်ဆိုပါလျှင် မိမိတို့ရဲ့နိုင်ငံထဲက နိုင်ငံသူ နိုင်ငံသား အချင်းချင်း သွေးကွဲပြီး မညီ မညွှတ်ဖြစ်နေကြသည်ကို ညီညွှတ်အောင် မည်သို့လုပ်ဆောင်စောင်ရွက်ပါက မိမိတို့ အုပ်ချုပ်ရသော နိုင်ငံသူ နိုင်ငံသား အချင်းချင်းတို့သည် ညီညွှတ်နိုင်ကြမည်ကို စဉ်စားတွေးခေါ်ရမည်ဖြစ်သည် ကျွန်တော်ရဲ့တွေးခေါ်ချက်အရတော့ လူမျိုးနွယ်စု အမျိုးမျိုးကွဲပြားနေသော ထိုနိုင်ငံရဲ့ နိုင်ငံသူ နိုင်ငံသားတွေကို လူမျိုးတစ်မျိုးထဲ ဖြစ်အောင်လုပ်ဖို့က အဓိကကျသော သော့အချက်ဖြစ်တယ်လို့ အတိအကျပြောနိုင်ပါသည် ထိုကြောင့် ထိုနိုင်ငံအတွင်းရှိ နိုင်ငံသူ နိုင်ငံသားများ အဖြစ့်သပ်မှတ်ခံထားကြရသော လူမျိုးစု အမျိုးမျိုးတို့ကို လူမျိုးတစ်ထဲဖြစ်အောင်လုပ်ဆောင်ရန် ပြင်ရှင်ထားရမဲ့ အဓိကကျသော အချက်များကတော့ (က) ထိုနိုင်ငံကို အုပ်ချုပ် အစိုးရခွင့် ရရှိထားသော အစိုးရများသည် ထိုနိုင်ငံရဲ့ နိုင်ငံသူ နိုင်ငံသား လူမျိုးစု အများစုက လိုလိုလားလား တင်းမြွှောက်ထားသော ချုပ်သူအစိုးရများဖြစ်ရမယ်။ (ခ) ထိုနိုင်ငံရဲ့ နိုင်ငံသူ နိုင်ငံသား အများစုက တင်မြွှောက်ထားသော နိုင်ငံကို အုပ်ချုပ်သူ အစိုးရတွေကလည် နိုင်ငံသူ နိုင်ငံသားများ ဖြစ်ကြသော လူမျိုးစုအားလုံးကို ဘယ်လူမျိုးစုကိုမှ မပိုမလိုသော အုပ်ချုပ်ခွင့် အခွင့်အာဏာများဖြစ့် နိုင်ငံသူ နိုင်ငံသား အားလုံးကို မျှတညီမျှအောင် အုပ်ချုပ်တတ်သော အုပ်ချုပ်သူ အစိုးရများဖြစ်ရမည်။ (ဂ) တစ်နိုင်ငံသားလုံးကို ကာကွယ် စောင့်ဆောက်ရန် တာဝန်ကိုယူထားရသော ထိုနိုင်ငံပိုင် တပ်မတော် (သို့) စစ်တပ်သည် ထိုနိုင်ငံရဲ့ နိုင်ငံသူ နိုင်ငံသား အများစုက ရွေးချယ်တင်မြွှောက်ထားသော ထိုနိုင်ငံရဲ့ အုပ်ချုပ်သူ အစိုးရများရဲ့ အမိန်ကို သဝေမသိမ်းလိုက်နာဆောင်ရွက်တတ်သော နိုင်ငံပိုင် တပ်မတော် (သို့) စစ်တပ်ဖြစ်ရမည်။ (ဃ) ထိုနိုင်ငံအတွင်းတွင် နေထိုင်ကြသော နိုင်ငံသူ နိုင်ငံသား အားလုံးတို့သည် မှန်ကန်သော အတွေးအခေါ်များ တွေးခေါ်သုံးသပ်တတ်စေရန် ထိုနိုင်ငံကို အုပ်ချုပ်မင်းလုပ် ကြသောအစိုးရများက တတ်သင့် တတ်ထိုက်သော ပညာရေး စနစ်မှန်ကို မြှင့်တင်ကြရမည်။ (င) ထိုနိုင်ငံနှင့် နိုင်ငံသူ နိုင်ငံသားတွေကို အုပ်ချုပ် ထိန်းကျောင်းရန် စည်းမျှဉ်း စည်းကမ်း ဘောင်အကွပ်များဖြစ်တဲ့ အခြေခံကျသော ထိုနိုင်ငံရဲ့ အခြေခံဖွဲ့စည်းပုံ ဥပဒေများကို ရေရှည်ကို ကြိုတွတ်ပြီး ထိုနိုင်ငံနှင့် ကိုက်ညီမှု ရှိသော ဥပဒေ စည်းမျှဉ်း စည်းကမ်းများကို မှန်ကန် မျှတစွာ ရေးဆွဲ ထဲ့သွင်းထားရမည်။ ဆိုတဲ့ အချက် အလက်များသည် ထိုနိုင်ငံကို ညီညွှတ်မှ စည်းလုံးနိုင်မည် ၊ စည်းလုံးနိုင်မှ အင်အားရှိမည် ၊ အင်အားရှိမှ ချမ်းသာ တိုးတက်သော နိုင်ငံအဖြစ့် တည်ဆောက်နိုင်မည် ၊ ချမ်းသာတိုးတက်သော နိုင်ငံအဖြစ့်တည်ဆောက်နိုင်မှ အေးချမ်းပြီး ငြိမ်းချမ်းသော နိုင်ငံအဖြစ် တည်ဆောက်နိုင်မည်ဖြစ်သည်။ ထိုကြောင့် ထိုနိုင်ငံကို ငြိမ်းချမ်းပြီး ချမ်းသာတိုးတက်သော နိုင်ငံ တစ်နိုင်ငံ ဖြစ်သွားစေနိုင်သော အဓိကအချက်များကို လိုက်နာကျင့်သုံးလိုက်တာနှင့် ထိုနိုင်ငံသည် အဘယ်ကြောင့် ငြိမ်းချမ်းပြီးချမ်းသာတို့တက်သော နိုင်ငံ တစ်နိုင်ငံအဖြစ့် ဖြစ်လားမည်ကို ဒီစာကိုရေသူ ကျွန်တော်က FB စာဖတ် ပရိတ်သတ် အပေါင်းကို အောက်ပါ စာပိုဒ်များမှာ အသေးစိပ် ရှင်းလင်းသွားအောင် ရှင်းလင်းရေးသာပြပါမည် ခင်ဗျား။ အထက်ပါစာပိုဒ် အမှတ်စဉ် (က) ရဲ့ ထိုနိုင်ငံကို အုပ်ချုပ် အစိုးရခွင့် ရရှိထားသော အစိုးရများသည် ထိုနိုင်ငံရဲ့ နိုင်ငံသူ နိုင်ငံသား လူမျိုးစု အများစုက လိုလိုလားလား တင်းမြှောက်ထားသော ချုပ်သူအစိုးရများဖြစ်ရမယ်။ ဆိုတဲ့ အချက်ဟာ နိုင်ငံသူနိုင်ငံသားများသည် မိမိတို့ ကကျေနပ် သဘောကြကျလို့ ကျေကျေ နပ်နပ် လိုလို လားလား ရွေးချယ်တင်မြှောက်ထားကြသော အစိုးရများရဲ့ အုပ်မှုအာဏာများကို လိုလို လားလား လက်ခံနာဂံကြမည်ဖြစ်သည် ထိုသို့ လက်ခံနာခံကြပါက အာဏာရှိသူ အစိုးရတို့သည် မိမိတို့ရဲ့ နိုင်ငံကို အေးချမ်း ငြိမ်းပြီး တိုးတက်ချမ်းသာသော လမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်မဲ့ လမ်းကြောင်းထဲသို့ မိမိတို့ အုပ်ချုပ်ရသော မိမိတို့ရဲ့နိုင်ငံသူ နိုင်ငံသားများကို တွဲခေါ် ခေါ်သွင်းသွားလို့ရမည်ဖြစ်သည်။ အမှတ်စဉ် (ခ) ရဲ့ ထိုနိုင်ငံရဲ့ နိုင်ငံသူ နိုင်ငံသား အများစုက တင်မြှောက်ထားသော နိုင်ငံကို အုပ်ချုပ်သူ အစိုးရတွေကလည် နိုင်ငံသူ နိုင်ငံသားများ ဖြစ်ကြသော လူမျိုးစုအားလုံးကို ဘယ်လူမျိုးစုကိုမှ မပိုမလိုသော အုပ်ချုပ်ခွင့် အခွင့်အာဏာများဖြစ့် နိုင်ငံသားဖြစ်ခွင့်ရှိသော နိုင်ငံသူ နိုင်ငံသား အားလုံးကို မျှတ ညီမျှအောင် အုပ်ချုပ်တတ်သော အုပ်ချုပ်သူ အစိုးရများဖြစ်ရမည်။ ဆိုတဲ့အချက်က … ထိုနိုင်ငံကို အုပ်ချုပ်ရသော အစိုးရတို့သည် မိမိတို့ရဲ့ အုပ်ချုပ်ခံရသူများဖြစ်ကြသော နိုင်ငံသူ နိုင်ငံသားများကို မည်သည့် လူမျိုးကိုမှ မပိုမလိုသော အုပ်ချုပ်မှု စနစ်နှင့် မျှမျှတတ အုပ်ချုပ်ပါက အုပ်ချုပ်ခံရသော နိုင်ငံသူ နိုင်ငံသားများသည် မိမိတို့ကို အုပ်ချုပ်ထိန်းကျောင်းသော ထိုအုပ်ချုပ်သူ အစိုးရများရဲ့ ထိန်းကျောင်းမှုများကို ကျေကျေနပ်နပ် လိုလိုလားလားနှင့် လက်ခံလိုက်နာလာကြမည် ဖြစ်ပါသည် ထိုသို့ အစိုးရများရဲ့ ထိန်းကျောင်းမှုများကို ကျေကျေနပ်နပ် လိုလိုလားလားနှင့် လက်ခံလိုက်နာလာပါက ထိုနိုင်ငံသည် ညီညွှတ်ပြီးအေးချမ်း ငြိမ်းချမ်းလာမည် ဆိုတာသေချားပါတယ်။ …… အမှတ်စဉ် (ဂ) ရဲ့ တစ်နိုင်ငံသားလုံးကို ကာကွယ် စောင့်ဆောက်ရန် တာဝန်ကိုယူထားရသော ထိုနိုင်ငံပိုင် တပ်မတော် (သို့) စစ်တပ်သည် ထိုနိုင်ငံရဲ့ နိုင်ငံသူ နိုင်ငံသား အများစုက ရွေးချယ်တင်မြွှောက်ထားသော ထိုနိုင်ငံရဲ့ အုပ်ချုပ်သူ အစိုးရများရဲ့ အမိန့်ကို သဝေမသိမ်းလိုက်နာဆောင်ရွက်တတ်သော နိုင်ငံပိုင် တပ်မတော် (သို့) စစ်တပ်ဖြစ်ရမည် ဆိုတဲ့အချက်သည်လည် ထိုနိုင်ငံသည် အေးချမ်း ငြိမ်းချမ်းပြီး ချမ်းသာကြွယ်သော နိုင်ငံတစ်နိုင်ငံ အဖြစ်ရပ်တည်နေနိုင်အောင် ကြိုးစားနေသော မိမိတို့ရဲ့ နိုင်ငံကို ပြည်တွင်း ပြည်ပ နိုင်ငံများမှ မိမိတို့ရဲ့ နိုင်ငံရဲ့ ငြိမ်းချမ်းသာယာနေတဲ့ အခြေအနေတွေကို ထိခိုက် ပျက်စီးအောင် လုပ်ဆောင်လာမဲ့ ပြည်တွင်း ပြည်ပ အန္တရာယ် ရန်စွယ်တွေကို ကာကွယ်စောင့်ဆောက်ပေးရန် နိုင်ငံသူ နိုင်ငံသားများက ရွေချယ်တင်မြှောက်ထားသော အစိုးရရဲ့ ထိပ်တီး ခေါင်းဆောင်ဖြစ်သော သမ္မတရဲ့ အမိန့်အာဏာကို နာခံပြီ မိမိတို့ရဲ့ နိုင်ငံတွတ် အသုံးဝင်သော နိုင်ငံနှင့် နိုင်ငံသူ နိုင်ငံသားအားလုံးကို ချစ်တတ်သော တပ်မတော်(သို့)စစ်တပ်အဖြစ် ထိုနိုင်ငံရဲ့ စစ်တပ်သည် ရပ်တည်နိုင်ပါမှ ထိုနိုင်ငံသည် ငြိမ်းချမ်းအေးချမ်းပြီး ချမ်းသာကြွယ်ဝသော လမ်းကြောင်းကို အရာက်လျှောက်လှမ်းနိုင်မည်ဖြစ်သည်။ … အမှတ်စဉ် (ဃ) ရဲ့ ထိုနိုင်ငံအတွင်းတွင် နေထိုင်ကြသော နိုင်ငံသူ နိုင်ငံသား အားလုံးတို့သည် မှန်ကန်သော အတွေးအခေါ်များ တွေးခေါ်သုံးသပ်တတ်စေရန် ထိုနိုင်ငံကို အုပ်ချုပ်မင်းလုပ် ကြသောအစိုးရများက တတ်သင့် တတ်ထိုက်သော ပညာရေး စနစ်မှန်ကို မြှင့်တင်ကြရမည် ဆိုတဲ့အချက်ကတော့ ထိုနိုင်ငံမှာ နိုင်ငံသူ နိုင်ငံသားများ အဖြစ်နေထိုင်ကြသော နိုင်ငံသူ နိုင်ငံသားတို့ရဲ့ ပညာ ၊ ဉာဏ် ၊ အတွေးအခေါ်များကို ထုတ်သုံးတတ်အောင် ထိုနိုင်ငံကို အုပ်ချုပ်ရသော အစိုးရများက ထိုနိုင်ငံရဲ့ ပညာရေးစနစ်ကို မြှင့်တင်ပေးပါမှ နိုင်ငံသည် ငြိမ်းချမ်းပြီး တိုးတက်ချမ်းသာဖို့ ထိုနိုင်ငံရဲ့ နိုင်ငံသူ နိုင်ငံသားတွေဖြစ်တဲ့ နိုင်ငံသူ နိုင်ငံသား အားလုံးတို့သည် အသိဉာဏ်ပညာများရှိကြပြီ ၎င်းတို့ရဲ့ အတွေးအခေါ်များဖြစ့် အမှား အမှန်ကို ခွဲခြားသိရှိနိုင်သော နိုင်ငံသူ နိုင်ငံသားများဖြစ်ကြပါက ထိုနိုင်ငံသည် ငြိမ်းချမ်း ချမ်းသာ တိုးတက်သော နိုင်ငံတစ်နိုင်ငံဖြစ်လာမည်ဖြစ်သည် အမှား အမှန်ကို ခွဲခြားသိနာလည်ခြင်း ဆိုသည်မှာ … လူမှန်ရင် မည်သူမဆို မိမိကို မိမိကအချစ်ဆုံး ဆိုတာ မည်သူမှငြင်နိုင်မည် မဟုတ်ပါ သို့ပေမဲ့လူတို့သည် မိမိကိုယ်ကို အမှန်တစ်ကယ် ချစ်တတ်သော လူတွေသည် ရှားပါးလှသည် အဘယ်ကြောင့်ဆိုသော လူတို့သည် မိမိကိုယ်ကို အချစ်ဆုံးဘဲဖြစ်ကြ၍ မိမိသည် မိမိကိုယ်ကို ချစ်၍လုပ်လိုက်သော မိမိရဲံ့ လုပ်ဆောင်ချက်များသည် အမှန်တစ်ကယ် မိမိသည် မိမိကိုယ်ကို ချစ်ရာရောက်ပါသလာ ဆိုတာကို မိမိသည် တွေးခေါ်စဉ်စားရမယ့် အချက်က လူတွေရဲ့ အဓိကကျသောအချက်ဖြစ်သည် ထိုကြောင့် ထိုနိုင်ငံရဲ့ နိုင်ငံသူ နိုင်ငံသားတိုင်းသည် အမှန်တကယ် ၎င်းတို့ကို ၎င်းတို့ ချစ်တတ်ပါက အမှန်တကယ် ထိုနိုင်ငံသည် ငြိမ်းချမ်း ချမ်းသာတိုးတက်သောနိုင်ငံဖြစ်လာမည်ဖြစ်သည် အဘယ်ကြောင့်ဆိုသော မိမိကို မိမိကချစ်တတ်သော သူဆိုသည်မှာ ထိုလူသည် စိတ်ရဲ့ဆင်းရဲခြင်းများ မခံစားရအောင် ထိုလူသည် မသမ္မာသော မကောင်းမှုအားလုံးကို မလုပ်မိအောင် ၎င်းရဲ့စိတ်ကို ထိန်းသိမ်းပြီ နေထိုင် လုပ်ကိုင် စားသောက်သည် ထိုသူသည် အဘယ်ကြောင့် မကောင်းမှုများကို ရှောင်းရှာပြီ ကောင်းမှုများကို လုပ်ဆောင်ရလည်ဆိုတော့ ထိုလူရဲ့ စဉ်စားတွေခေါ်ပုံက မကောင်း ပြုလုပ်သော မိမိရဲ့စိတ်သည် မကောင်းမှုပြုလုပ်ခဲ့သော မိမိရဲ့မကောင်းမှုများကို ပြန်လည် သတိရတိုင်း မိမိရဲ့စိတ်သည် ခြောက်ချားနေမည် (သို့) ရှက်နေမည် (သို့) ထိပ့်လန့်နေမည် (သို့) သိမ်ငယ်နေမည် ဆိုသော အကြောင်း အရာတို့ကို တစ်မျိုးမဟုတ် တစ်မျိုးကိုခံစားနေရခြင်းများသည် မိမိရဲ့စိတ်ကို ဆင်းရဲ့စေနိုင်သော အကြောင်းများဖြစ်သည်ကို ထိုလူသည် တွတ်ဆတွေးခေါ်တတ်သောကြောင့် စိတ်ရဲ့ ဆင်းရဲခြင်းများကို မခံစားရအောင် ထိုလူသည် မကောင်းသော တို့ကို ရှောင်ရှားရခြင်းဖြစ်သည် ထိုကြောင့် ထိုလူသည် စိတ်ရဲ့ ဆင်းရဲခြင်း ဆိုတဲ့ဒဏ်ကို မခံစားရ၍ ထိုလူသည် ချမ်းသာခြင်းရရှိနိုင်သောကြောင့် ထိုလူသည် သူ့ကိုယ်ကို အမှန်တကယ် ချမ်တတ်သော လူတစ်ယောက်လို့ဆိုရမည်ဖြစ်သည် ထိုသို့သော လူမျာပေါးမျာလားပါက ထိုနိုင်ငံသည် လူတော် လူကောင်းများ ပေါးများလာပြီ အေးချမ်း ငြိမ်းချမ်းသော နိုင်ငံဖြစ်လာမည်မှာ မလွဲပါ။ ….. အမှတ်စဉ် (င) ရဲ့ ထိုနိုင်ငံနှင့် နိုင်ငံသူ နိုင်ငံသားတွေကို အုပ်ချုပ် ထိန်းကျောင်းရန် စည်းမျှဉ်း စည်းကမ်း ဘောင်အကွပ်များဖြစ်တဲ့ အခြေခံကျသော ထိုနိုင်ငံရဲ့ အခြေခံဖွဲ့စည်းပုံ ဥပဒေများကို ရေရှည်ကို ကြိုတွတ်ပြီး ထိုနိုင်ငံနှင့် ကိုက်ညီမှု ရှိသော ဥပဒေ စည်းမျှဉ်း စည်းကမ်းများကို မှန်ကန် မျှတစွာ ရေးဆွဲထဲ့သွင်းထားရမည်။ ဆိုတဲ့ အချက် အလက်များသည် .
ပထမ …. ပိုင်း ပြီး၏ (ဆက်ရန် …… ဒုတိယပိုင်း သို့) ဆက်လက်ရေးရန်ကျန်ပါသေးသည် ဆက်လက် ဖတ်ချင်သူများ နောက်ဆက်တွဲကို ဆက်လက်ဖတ်ချင်ပါက ဤ စာမျက်နာကို like ပေးထားခဲ့ပါ ခင်ဗျာ …
-------------------
~~~ မင်းတင်စိုး ~~~
နေ့စွဲ ၁၃ . ၈ . ၂၀၁၈ …. အချိန် ၂၁း ၁၆


No comments:

Post a Comment

ကျွန်တော် တင်ပေးပြီသာ ပိုစ့်အဟောင်းပါ ထပ်ပြီးတင်ပေးလိုက်တယ်.... လူတို့ သည် ကမ္ဘာလောကကြီးထဲမှာ ရှိတဲ့ သက်ရှိသတ္တဝါ အားလုံးထဲမှာ အစွမ်းအစနှင်...