Thursday, 7 March 2019

လူမှန်ရင် ဘယ်သူမဆို မိမိကို မိမိက အချစ်ဆုံးဖြစ်ကြပါလိပ်မည် ဆိုတာမည်သူမှ ငြင်းချက်ထုတ်နိုင်ကြမည် မထင်ပါ  ထိုကြောင့် လူတိုင်း လူတိုင်းသည် မိမိရဲ့ ကိုယ်ကို မိမိကချစ်တတ်ကြရန် လိုအပ်ပါသည် မိမိကိုယ်ကို မိမိကချစ်ကြရာမှာ မိမိသည် မိမိရဲ့ ဘဝ ချမ်းသာအောင် ကြံစည်ဆောင်ရွက်ကြမည်ဖြစ်သည် ထိုသို့ မိမိရဲ့ ဘဝ ချမ်းသာဖို့ကို လုပ်ဆောင်ကြရာမှာ မိမိသည် မည်သို့စဉ်စားတွေးခေါ်ပြီး မိမိရဲ့ မွေဖွားခြင်း မှ သေဆုံးခြင်း ကြားက မိမိရဲ့ ဘဝ ကို ဧကန်အမှန် မည်သို့ ချမ်းသာနိုင်အောင်လုပ်ဆောင်ကြမည်နည်။   ?
ကျွန်တော်လည်ဘဲ အထက်ပါ ကျွန်တော်ရေးတင်ထားတဲ့ စာပုဒ်များအတိုင်းပါဘဲ ကွန်တော်လည် လူတယောက် ဖြစ်သောကြောင့် ကျွန်တော်ကို ကျွန်တော်က အချစ်ဆုံးဘဲလို့ ဆိုရမှာဘဲ  ဒါကြောင့် ကျွန်တော်က ကျွန်တော်ရဲ့ မွေဖွားခြင်းနဲ့ သေဆုံးခြင်းကြာက ဘဝ ကို အချမ်းသာဆုံးနည်ဖြင့်နေထိုင် ကျင့်ကြံပုံ နေထိုင်နည်မှာ အောင်ပါအတိုင်းဖြစ်သည်။
ပထမ ဦးဆုံး ကျွန်တော်သည် ကျွန်တော်ရဲ့ ဘဝ အမှန်တကယ်ချမ်းသာဖို့အတွတ် ကွန်တော်ရဲ့ မွေရာပါ လူတစ်ယောက်ရဲ့ အသိဉာဏ်နဲ့ ကျွန်တော်သည် အရင်ဦးဆုံးတွေခေါ်ဆုံးဖြတ်သည် နောက်မှ ကျွန်တော် တွေးခေါ်ဆုံးဖြတ်ထားသည့်အတိုင်း  လူတယောက်ရဲ့ ဘဝ တခုဖြစ်တည်ဖို့ ရန် ခန္ဒာ ကိုယ်ကာယနှင့် မမြင်တွေ့နိုင်သော အရာ နမ်ဖြစ်တဲ့ စိတ်ဆိုသောအရာနှင့် ပေါင်စပ် ဆက်သွယ်မိကြမှ အကောင်တစ်ကောင် သို့မဟုတ် လူတစ်ယောက် ဖြစ်ကြရသောကြောင့် လူတကိုယ်လုံးကို ဦးစီး ဦးဆောင်ရမဲ့ တာဝန်ကိုပိုင်ဆိုင်ခွင့်ရှိထားသော နမ်ဖြစ်တဲ့ ကျွန်န်တော်ရဲ့စိတ်ကို အဓိကထားပြီး အမှား များသတ်နိုင်သမျှနည်အောင် ကျွန်တော်ရဲ့ သိစိတ်နှင့် ကျွန်တော်ရဲ့ မသိစိတ်ကို အမှားများကင်အောင် တန်ပြန်လိုက်လံထိန်သိမ်းပေးခြင်းဖြင့် ကျွန်တော်ရဲ့ ရှားရှားပါးပါးရရှိထားသော လူဘဝ တိုတိုလေးကို သေဆုံးသည့်အချိန်ထိကို ချမ်းသာစွာ လူတယောက်ရဲ့သက်တန်စေ့ နေထိုင်သွားနိုင်ရန် ဆောင်ရွက်ထားပါတယ် ။
ကျွန်တော်ရဲ့ဒီစာကို ဖတ်ရှုနေကြသော စာဖတ်ပရိသတ်များခင်ဗျာ  ကျွန်တော် ရေးထားသော အထက်ပါ စာပုဒ်က လူတစ်ကိုယ်ထဲမှာဘဲ သိစိတ်နှင့် မသိစိတ်ကိုရေးပြထားလို့ ကျွန်တော်ရဲ့ စာဖတ်ပရိသတ်များ စဉ်စားတွေးခေါ်ပြီး ကျွန်တော်ကို ပြန်ပြီးမေခွန်း ထုတ်ချင်နေကြမယ်ဆိုတာ ဒီစာကိုရေးသူ ကျွန်တော်က ကြိုတွတ်ထားပြီးသာပါ  ဒါကြောင့် ကျွန်တော်ရေးသာထာသော လူတစ်ကိုယ်ထဲမှာဘဲ တွဲလျှက်ရှိနေတဲ့ သိစိတ်နှင့် မသိစိတ်ဆိုတာ အကောင် တစ်ကောင်ရဲ့ ခန္ဒာထဲမှာ  (သို့မဟုတ်) လူတယောက်ရဲ့ ကိုယ်ခန္ဒာရဲ့ ဦးခေါင်းထဲမှာလို့ ကျွန်တော်က ခန့်မှန့်ချေဖြင့် ရေးတာရတာပါ သို့ပေမဲ့ မမြင်နိုင်တဲ့ သိစိတ် မသိစိတ်ဆိုတဲ့အရာတွေဟာ လူခန္ဒာကိုယ်ထဲမှာ ဘယ်နေရာမှာတည်ရှိနေတယ်ဆိုတာ အဓိကမကျပါဘူး လူခန္ဒာကိုယ်ထဲမှာ တွဲလျှက်တည်ရှိနေတာဆိုတာတော့ သေချာပါတယ်  ထိုကြောင့် ခန္ဒာဆိုတဲ့ ကိုယ်ကာယနဲ့ နမ်ဆိုတဲ့စိတ်တို့ တွဲကပ်လျှက်တည်ရှိနေခြင်းကြောင့် အကောင် တစ်ကောင် အသက်ရှင်သန်နေပြီး ဘဝ တစ်ခုအဖြင့်တည်ရှိနေခြင်းဖြစ်သည် (သို့မဟုတ်) လူတယောက်အသက်ရှင်နေရခြင်းဘဲဖြစ်တယ်လိုဆိုရမှာဘဲဖြစ်တယ်  ဒါကြောင့် ကျွန်တော်က ရုပ်နှင့်နမ် (သို့မဟုတ်) ခန္ဒာကိုယ်နှင့်စိတ်ပူးတွဲကပ်ပြီး ဘဝတစ်ခု အဖြစ်တည်ရှိနေတဲ့ ကိုယ်ကာရကိုပိုင်ဆိုင်ထားသော ကျွန်တော်သည်လည် အကြား၊ အမြင်၊ အနံ့၊ အရသာ၊ အထိအတွေ့ ကိုခံစားနိုင်သော ဒီခန္ဒာကိုယ် နမ်ရုပ်ကို ဦးစီး ဦးဆောင်နေသော ကျွန်တော်ရဲ့သည်စိတ်ကို စိတ်နှင့် စိတ်ကို ပြန်ပြီး အမှားအမှန်ကို စဉ်းစားတွေခေါ်ပြီး အမှားနည်ပြီး အမှန်တွေကို ရွေချယ်လုပ်ကိုင်နိုင်ရန် ကျွန်န်တော်ရဲ့စိတ်တစ်ခုထဲမှနောက်ထပ် စိတ်တစ်ခုကို ထပ်ပြီးခွဲထုတ်ပြီး သိစိတ် မသိစိတ်ဆိုပြီး ကိုယ်ဟာကိုယ် ခွဲခြားသပ်မှတ်ပြီး မသိစိတ်ဆိုတဲ့ မကောင်းမှု အမှားတရားများကိုပြုလုပ်ရန် ဆွဲဆောင်နေကြသော  အကြား၊ အမြင်၊ အနံ့၊ အရသာ၊ အထိအတွေ့ နောက်ကိုလိုက်တတ်သော ဒီမသိစိတ်ကို နောက်ကနေလိုက်ပြီး အမှားတရားများကို မလုပ်မိအောင် အချိန်မှီအောင် အမှားများကင်ပြီးအမှန်တွေကို လုပ်ဆောင်နိုင်ရန် မသိစိတ်ရဲ့ နောက်သို့ထပ်ကြပ်မကွာလိုက်ပြီးထိန်းသိမ်းပေးနိုင်တဲ့  သိစိတ်ဆိုတဲ့ သတိစိတ်ကို ကျွန်တော်ရဲ့ စိတ်တစ်ခုထဲကနေ နောက်ထပ်စိတ်တစ်ခုကို ခွဲထုတ်ထားခြင်းဖြစ်တယ်။    ဒါကြောင့် ကျွန်တော်သည် ကျွန်တော်ရဲ့ ဘဝ ရဲ့ချမ်းသာခြင်းအမှန်ကို ရရှိရန်        …… မအားသေ့လို့ပါ ..      မပြီးသေ့ပါ (ဒုတိယပိုင်း) သို့ဆတ်ရန် ….
မျော်ပါ။
      ~~~ မင်းတင်စိုး ~~~                ရက်စွဲ  ၂၁း၃၆ နာရီ   7 . 3 . 2018

ကျွန်တော် တင်ပေးပြီသာ ပိုစ့်အဟောင်းပါ ထပ်ပြီးတင်ပေးလိုက်တယ်.... လူတို့ သည် ကမ္ဘာလောကကြီးထဲမှာ ရှိတဲ့ သက်ရှိသတ္တဝါ အားလုံးထဲမှာ အစွမ်းအစနှင်...