Thursday, 27 December 2018

#မိမိရဲ့လူဘဝကိုအမှန်တစ်ကယ်ချမ်းသာခြင်းများရရှိအောင်နေထိုင်ခြင်း

လောကကြီး ထဲတွင်နေထိုင် ကြကုန်သောလူတိုင်သည်
ငါချမ်းသာဖို့ ဆိုတဲ့လူတွေကြီးဘဲ ဖြစ်ကြသည် ဆိုတာကို
အဘယ်သို့သောလူကမှ ငြင်းနိုင်ကြမည် မဟုတ်ပါ သို့သော
အများအာဖြစ် လူတို့သည် မိမိတို့သည် ဤလောကကြီး
တွင်အဘယ်သို့ နေထိုင်ကျင့်ကြံပါက မိမိတို့ရဲံလူဖြစ်ရတဲ့...
မိမိရဲ့ ဘဝ သက်သန်း တိုတိုလေးကို မိမိကိုယ်တိုင် ဘယ်လိုနေထိုင် ကျင့်ကြံအားထုတ်ပါက မိမိရဲ့ဘဝ ဖြစ်တဲ့ကိုယ်ရော စိတ်ပါချမ်းသာပြည့်စုံနိုင်မည်
ဆိုတာကို မိမိ ကိုယ်တိုင်မိမိရဲ့ ကိုယ်ပိုင်အသိဉာဏ်နဲ့
တွတ်ဆတွေးခေါ်သင့်သည် ။
ကျွန်တော်ရဲ့ လူ့တစ်ဘဝရဲ့ ပြည့်စုံချမ်းသာရန် ကျွန်တော်ရဲ့ တွေးခေါ်
သုံးသပ်ချက်ကတော့ ပစ္စည်ဥစားချမ်းသာပြီး ခန္ဒာကိုယ်ကျမ္မာပြီး စိတ်ပါချမ်းသာပါမှ မိမိသည် ပြည့်
စုံချမ်းသာတယ်လို့ ယူဆလို့ရမည်ဖြစ်သည် ထိုကြောင့်
မိမိသည် ငွေကြေး ပစ္စည်ဥစား ချမ်းသာစေရန် မိမိသည်
ရှားဖွေးစုစောင့်ရမည်ဖြစ်သည် ထိုသို့ မိမိဘဝပြည့်စုံချမ်းသာစေ
ဖို့အတွတ် ငွေကြေးပစ္စည်ဥစားများကိုရှားဖွေရာမှာ မိမိ သည် သမ္မာအာဇီဝ မကျသော မကောင်းမှုများပြုလုပ်ပြီး မိမိရဲ့
ဘဝ အတွတ် ပြည့်စုံချမ်းသာ
အောင်ကြိုးစား စောင်ရွက်ပါက
မိမိသည် ပစ္စည်ဥစား များ များ
ပြားပြား ပိုင်ဆိုင်ရချင်ရလိပ်မည်
သို့သောမိမိသည် ချမ်းသာကြွယ်ဝခြင်း အစစ်ကိုရရှိနိုင်မည်မ
ဟုတ်ပါ အဘယ်ကြောင့် ဆိုသော
မိမိ သည် ငွေ ကြေးဥစားများရရှိပိုင်ဆိုင်ရန် မကောင်း သောအမှုများကိုဆောင်
ရွက်ပြီး မိမိ ပစ္စည်ဥစားများ ချမ်းသာ
ဖို့ပြုလုပ်ခဲ့ပါက မိမိပြုလုပ်ခဲ့သော မ
ကောင်းမှုများသည် မိမိ ကိုအချိန်မရွေ
သတိရစေပြီး မိမိရဲ့စိတ်ကို အမြဲတမ်း
ခြောက်လန့် နေမည်ဆိုတာ သေချာ
ပါသည် ထိုကြောင့်မိမိသည် ငွေ ကြေး ပစ္စည်ဥစားသာ ချမ်းသာလျှင်
ချမ်းသာနေလိပ်မည် မိမိရဲ့စိတ်က
တော့အဘယ်သို့မှ ချမ်းသာ နေမည်
မဟုတ်ပါ ထိုကြောင့်မိမိသည် ပြည့်
 စုံချမ်းသာခြင်းကိုမရရှိနိုင်ပါ။


နောက် အကြောင်းအရာတခုက
မိမိသည် မိမိဘဝအတွတ်ပြည့်စုံချမ်း
သာခြင်းကို ရရှိဖို့ ငွေ ကြေးဥစား
ပစ္စည်များကို ကြိုးစားရှားဖွေရာမှာ
မကောင်းမှုများကင်ပြီး သမ္မာအာဇီဝ
ကျသော အလုပ်တို့ဖြင့် မိမိရဲ့ ဘဝ
ပြည့်စုံချမ်းသာဖို့ ရှာဖွေရာမှာ မိမိသည် မိမိရဲ့ ကိုယ်ခန္ဒာ နှင့်
ချိန်ဆပြီး မိမိရဲ့ ကျန်မာရေးနှင့် ကိုက်
ညီသောအလုပ်များကို လုပ်ပြီး
မိမိရဲ့ ဘဝ တလျှောက်လုံးကျန်မာ
ပြီး ငွေကြေး ပစ္စည် ဥစားများကို
မိမိ ရဲ့စိတ် မိမိရဲ့ ကိုယ်ခန္ဒာရဲ့ ကျန်မာရေး ကောင်းပြီး မိမိရဲ့ စိတ်ထဲတွင် မကောင်း
မှုများကင်းပြီး ရိုးရိုးသားသား နဲ့ရှာဖွေ
ထားသော ငွေကြေး ပစ္စည်ဥစား
များကို မိမိပိုင်ဆိုင်ထားမှ မိမိသည်
ပြည့်စုံ ချမ်းသာခြင်းဆိုတဲ့ စစ်မှန်
သောပြည့်စုံ ချမ်းသာခြင်းမျိုးကို
မိမိပိုင် ဆိုင်ခွင့် ရမည်ဟု
ဘာမဟုတ်တဲ့ ကောင် ကျွန်တော်
က တွေးခေါ်တွတ်ဆသုံးသပ်ပြ
လိုက်ပါတယ်။

~~~ မင်းတင်စိုး ~~~

Wednesday, 26 December 2018

 
မိမိကိုယ်ကိုတန်ဘိုးထားတတ်ကြပြီးမိမိတွင်ပိုင်ဆိုင်ထသောအသိဉာဏ်ပညာတို့ဖြင့်အမှားအမှန်ကိုတွေးခေါ်စဉ်းစားဆုံးဖြတ်တတ်ရန်။

အမ္ဘာလောကကြီး ၌ မှီးတင်နေထိုင်ကြကုန်သော သတ္တာဝါများထဲမှာမှ အစွမ်းအစနဲ့ အသိဉာဏ်ထက်မြက်သော သတ္တာဝါကိုဖော်ပြပါဟု ဆိုတဲ့မေးခွန်ထုတ်ပြီးအဖြေ ကိုရှာခိုင်းပါက အမေးခံရတဲ့လူတိုင်းက ထိုမေးခွန်ရဲ့အဖြေကို လွယ်လွယ်လေးပါဘဲဆိုပြီး လူဆိုတဲ့ သတ္တာဝါပါဘဲလို့ပြန်ဖြေမိကြမှာပါ ….. ဟုတ်ပါ...တယ် တကယ်ကိုမှန်ကန်မှုရှိပါတယ် လို့ဆိုရမည်ဖြစ်သည် သို့သော် လူသားအားလုံးကို ဆိုလိုလို့မရပါ အဘယ်ကြောင့်ဆိုသော အချို့ချို့သောလူတို့သည် မိမိတို့တွေမှာ မွေးရာပါ မိမိရဲ့သိပ့်ပြီး တန်ဘိုးရှိလှတဲ့ အသိဉာဏ်ပညာများရှိပါလျှက်နှင့် တကယ်မှားသည် တကယ်မှန်သည်ကို မိမိ၌ မွေးရာပါလာခဲ့သောလူတစ်ယောက်ရဲ့ သိပ့်ကိုတန်ဘိုးကြီးလှတဲ့ အသိဉာဏ်ကိုပိုင်ဆိုင်ထားပါလျှက်နှင့် မိမိသည် ထိုအသိဉာဏ်ကိုအသုံးမပြုဘဲ မိမိ နှင့်ဆက်နွယ်ပတ်သက်ပြီး မိမိတို့နှင့် နီးစပ်သော ပတ်ဝန်ကျင် ရဲ့အယူအဆ အစဉ်အလာများရဲ့ ကိုးကွယ်ယုံကြည်မှုနှင့်အယူအဆများကို မိမိက မှန်တယ် မှားတယ် ဆိုတာကို မိမိရဲ့ ကိုယ်ပိုင်အသိဉာဏ်နှင့် မသုံးသပ် မစဉ်စား မတွေးခေါ်ဘဲနှင့် မိမိသည် ထိုအယူအဆဝါဒများကို မှားမှန့်မသိ မှန်မှန့်မသိလိုက်ပါသွားပြီးယုံကြည်လက်ခံလိုက်ပါက မိမိသည် လူဖြစ်ပါလျှက်နှင့် မိမိသည် အခြားသော သတ္တာဝါတွေဖြစ်တဲ့ တိရစ္ဆာန် များနှင့်မခြားဘဲ နင်လားငါလားဖြစ်သွားတော့မှာကို မိမိသည် မိမိကိုယ်ကို သတိပြုထားသင့်သည် ဒါကြောင့်ကျွန်တော်တို့ လူသားတိုင်းသည် မိမိတို့ရဲ့ လူဖြစ်ခွင့်ရရှိခဲ့သော မိမိတို့ရဲ့တန်ဘိုးရှိလှသောလူဘဝကို မိမိကိုယ်တိုင်ကလွဲပြီး မိမိနှင့်ဆက်နွယ်ပတ်သက်သော မိမိကိုမွေးထုတ်ပေးခဲ့သော မိမိရဲ့ မိဘတွေ ရဲ့မှန်တယ်ထင်လို့ ကိုးကွယ် ယုံကြည်ကြသော အယူဝါဒ အယူအဆတွေတောင်မှ မိမိရဲ့ ကိုယ်ပိုင်အသိဉာဏ် ကိုအသုံးပြုပြီး တွေးခေါ် သုံးသပ်မှုမပြုဘဲ မိမိသည် မယုံကြည်သင့်ပါ ။ လူတိုင်း လူတိုင်းသည် မိမိကို စိုးမိုးဆုပ်ကိုင်ချယ်မှုမျိုးများကို မည်သူမှမကြိုက် မနှစ်သက်ကြပါ သို့ပေမဲ့ ကမ္ဘာလောကကြီးထဲတွင် နေထိုင်ကြသော ကမ္ဘာလူသားထု %၇၅ ယောက်လောက်က အမှန်တကယ် မိမိတို့မကြိုက်မနှစ်သက်သော မိမိတို့ကိုစိုးမိုးချုပ်ကိုင်ခြောက်လှန့်နေသော အယူအဆ ဝါဒကို မကြိုက်မနှစ်သက်ကြပါဘဲနှင့် လက်ခံကိုးကွယ်ယုံကြခြင်းများသည် ၎င်းတို့ရဲ့ မိဘ ဖိုးဖွား ဘိုစဉ်ဘောင်ဆက်ကထဲက ထိုအယူအဆဝါဒများကို အစဉ်အဆက်မဖြတ် အမိဝမ်ထဲမှမွေးဖွား ထွတ်ရှိလာပြီး လူမှန့်သိတတ်စ အရွယ်လောက်ကထဲက ၎င်းတို့ ကိုးကွယ်ယုံကြည်သော အယူအဆ ဝါဒများကို ၎င်းတို့ရဲ့စိတ်ထဲမှာ စွဲမြဲကြောက်လန့်ပြီးငြင်ဆန်မရဲအောင် ထိုအယူအဆ ဝါဒကို စတင်ဖန်တီးသူ ၎င်းတို့ရဲ့အယူဝါဒ ခေါင်းဆောင် တယောက်ရဲ့အယူအဆ ဝါဒနောက်ကို လိုက်နေရရှာတဲ့ လူသားထုအပေါင်းအား ဘာကောင်မှမဟုတ်တဲ့ ကျွန်တော်က လူသားခြင်းစာနာစိတ်ဖြင့် မိမိတို့ရဲ့ စိတ်နှင့် ကိုယ်ကို ချည်နှောင်းထားသော တစ်ကယ်လက်တွေ့ကျကျမဟုတ်သော အယူအဆ ဝါဒများရဲ့ ချည်နှောင်းခြင်းများမှ ရုန်းထွတ်နိုင်ကြပြီး မိမိတို့ရဲ့ ကိုယ်ပိုင် အသိဉာဏ်ကို ကိုယ်စီအသုံးပြုကြပြီး အတွေးသစ် အမြင်သစ်များဖြင့် မှိုတက် ချစား ပြီး ဟောင်းနွမ်နေသော အယူအဆဝါဒများကို စွန့်ပစ်ပြီး အဖြူ အမဲ အနီ အဝါ အညို မခွဲခြားကြဘဲ နေချင်စရာကောင်းသော လူ့ဘောင်သစ်တခုအဖြစ်သို့ ချီတက် ရှေ့ဆက်လျှောက်နိုင်ကြစေရန် ဘာမဟုတ်တဲ့ကောင် ကျွန်တော်က နိုင်ငံသူ နိုင်ငံသားအပေါင်းအားနှိဆော်တိုက်တွန်းလိုက်ပါတယ် ။

~~~ မင်းတင်စိုး ~~~
နောက်ထပ်ကြည့်မည်



#ငြိမ်းချမ်းခြင်းများရလာနိုင်တဲ့နှစ်သစ်၂၀၁၉ကိုကြိုးဆိုပါတယ်
မိမိတို့ရဲ့ လူမျိုးစုအသီးသီးကို ဆင်းရဲခြင်းမှ လွတ်မြောက်အောင် လက်နက်ကိုင်ပြီး တော်လှန် တိုက်ပွဲး ဝင်နေရတယ်ဆိုတဲ့ လက်နက်ကိုင်အဖွဲ့ အသီးသီးတို့နဲ့တစ်ကွ နိုင်ငံသူ နိုင်ငံသားတို့ရဲ့လုံခြုံရေးကို ယူထားရတယ်ဆိုတဲ့ တပ်မတော် စစ်တပ် အပါဝင် အဖွဲ့အားလုံးတို့ကို အကြံပေးချင်တာက တက်မတော် စစ်တပ်အပါဝင် လက်နက်ကိုင် အဖွဲ့အားလုံးအနေနှင့် မိမိတို့ရဲ့ လူမျိုးစုတွေ (သို့) နိုင်ငံသူ နိုင်ငံသားတွေ လွတ်မြွှောက်အောင် ဆင်းရဲ့ခြင်းကင်းအောင် ...လက်နက်ကိုင်တိုက်ပွဲးဝင်လာခဲ့တဲ့ နှစ်တွေလည် နှစ် ၆၀. ၇၀ ပြည့်တော့မယ် နိုင်ငံသူ နိုင်ငံသားတွေအတွတ် မိမိတို့လူမျိုးစုတွေအတွတ် ဆင်းရဲခြင်းမှ လွတ်မြှောက်အောင် နယ်မြေတွေဖွံဖြိုးတိုးတက်အောင် လက်နက်တွေကိုင်ပြီး ဆင်းရဲခြင်းမှလွတ်အောင် နယ်မြေများ ဖွံဖြိုးတိုးတက်အောင်လည် လုပ်ပေးမနိုင်ကြမယ့်တူတူ ခင်ဗျာတို့ တိုက်ပွဲးဝင်နေတဲ့ နည်ဗျူးဟာတွေကို ပြောင်းဖို့သင့်နေပါပြီး ခင်ဗျာတို့ စစ်တပ်အပါဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးက မိမိတို့လူမျိုးစုတွေအားလုံး ဆင်းရဲခြင်းများကင်းဝေးပြီး ငြိမ်းချမ်းပြီး တိုးတက်ချမ်းသော လူနေမှုအဆင့်အတန်းများကို ပိုင်ဆိုင်ကြစေရန် ငြိမ်းချမ်းရေး ရအောင် ဆွေနွေညှိနှိုင်းခြင်းဆိုတဲ့ နည်းဗျူးဟာ အသစ်ကို အသုံးပြုပြီး နှစ်သစ် ၂၀၁၉ ခုနှစ်မှာ အပြီးအောင်မြင်ဖြစ်မြှောက်အောင် ကိုယ်ကျိုးများကို စွန့်လွှတ်ပြီး မိမိတို့ရဲ့ နိုင်ငံနဲ့လူမျိုးများအတွတ် ဆောင်ရွက်ပေးကြပြီး မိမိတို့ရဲ့ နိုင်ငံသူ နိုင်ငံသား လူမျိုးများရဲ့ ချီးမွှမ်းခြင်းများကိုခံယူလိုက်ကြပြီး ဝမ်းသာပျော်ရွှင်စေသော ပိတိကို ရယူခံစားလိုက်ပါက ခင်ဗျာတို့ လက်နက်ကိုင် အဖွဲ့အားလုံးအတွတ် အကျိုးပိုရှိလိပ်မယ်လို့ထင်ပါတယ်။

                       
~~~ မင်းတင်စိုး ~~~

ကျွန်တော် တင်ပေးပြီသာ ပိုစ့်အဟောင်းပါ ထပ်ပြီးတင်ပေးလိုက်တယ်.... လူတို့ သည် ကမ္ဘာလောကကြီးထဲမှာ ရှိတဲ့ သက်ရှိသတ္တဝါ အားလုံးထဲမှာ အစွမ်းအစနှင်...